ချစ်စရာကောင်းတဲ့ သားနဲ့သမီးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ ထိပ်တန်း သရုပ်ဆောင် ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာအလုပ်တွေကို နှစ်ယောက်အတူ ကြိုးစား လုပ်ကိုင်နေကြသူတွေပဲ ဖြစ်ပါတယ် ပရိသတ်တွေကလည်း သူတို့ရဲ့ လှုပ်ရှားမှုအနုပညာတိုင်းကို အားပေးနေကြတာပါ။

Photo Credit- Eaindrakyawzin Facebook Page
Photo Credit- Eaindrakyawzin Facebook Page
Photo Credit- Eaindrakyawzin Facebook Page

အူဝဲတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းခုနှစ်နှစ်ကျော်ပြီဖြစ်ပြီး သားနဲ့သမီးနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားကြတာပါ။ သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကိုဝေမျှလေ့ရှိတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကို ချစ်ခင်အားကျနေကြတာပါ။

Photo Credit- Eaindrakyawzin Facebook Page
Photo Credit- Eaindrakyawzin Facebook Page
Photo Credit- Eaindrakyawzin Facebook Page

အခုမှာလည်း အူဝဲရဲ့ တူမဖြစ်သူ မေတိုးခိုင်ရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မမမေတိုးခိုင်ကိုဘယ်လောက်ထိလှကြောင်းပြောပြနေတဲ့ အူဝဲသားလေး ဖိုးဓီရဲ့ ချစ်စရာ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖိုးဓီလေးရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Maytoekhine.mtk’s Instagram Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။