အဆိုတော်ဆူဇီကတော့ တစ်ချိန်က အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတ​ဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေူပဲဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားခဲ့တဲ့ သူမကတော့ ယခုမှာ ပြည်သူချစ်အနုပညာရှင်တွေများစွာနဲ့အတူ အမှန်တကယ်လိုအပ်တဲ့နေရာတွေမှာ အလှူအတန်းတွေပြုလုပ်နေခဲ့ပါတယ်။ 

photo credit : may thu ' s facebook account
photo credit : may thu ' s facebook account

သူမကတော့  " ဒီနေ့ ဆူဇီတို့..အနုပညာရှင်.ညီအကိုမောင်နှမတွေစုစည်းထားသည့်".မေတ္တာအသင်္ချေပရဟိတ" အဖွဲ့လေးရဲ့ ဒုတိယမြောက်ခြေလှမ်း ကို...သင်္ကန်းကျွန်းစံပြဆေးရုံ တွင်. ကျောက်ကပ်ဆေးနေရတဲ့ဝေဒနာရှင်များအတွက်.. တစ်ကြိမ်ဆေးရန်လိုအပ်တဲ့ ပစ္စည်းအစုံအလင်ကို..အကြိမ်ရေ .- ၄၀စာCovid 19 ရောဂါကြိုတင် ကာကွယ်ရန်လိုအပ်သော ပစ္စည်းများ အတွက် (၉၀၀၀၀၀) ကိုးသိန်းကျပ်တိတိ.." ဆိုပြီးရေးသားထားခဲ့ပါတယ် ။

photo credit : may thu ' s facebook account
photo credit : may thu ' s facebook account

သူမကတော့ "ဆေးရုံရောက်..ချို့တဲ့ နွမ်းပါးသူတို့အတွက်. .April.လ(1)ရက်နေ့နှင့်.Aprilလ(5)ရက်နေ့.(2)ရက်စာ.ထမင်းကျွေး(၁၄၀၀၀၀)တစ်သိန်းလေးသောင်းကျပ်တိတိ..စုစုပေါင်း ဆယ်သိန်းလေးသောင်းကျပ်တိတိ (၁၀၄၀၀၀၀)ကို ဒီနေ့ (5*4*2020)တွင်လှူဒါန်းခဲ့ပါသည်Have A Blessed Super Sunday & May God Bless To You All "ဆိုပြီးရေးသားထားရာ ချစ်ပရိသတ်တွေအတွက်အဆိုတော်ဆူဇီရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

source: may thu ' s facebook account 

photo credit : may thu ' s facebook account
photo credit : may thu ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။