ဆွဲဆောင်မှုရှိပြီး တင်းရင်းလှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကိုပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့အသည်းစွဲ မော်ဒယ်မင်းသမီးများထဲကတစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ မော်ဒယ်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ပါအောင်မြင်နေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ ကလေးဘ၀ကပင် အနုပညာလှုပ်ရှားမှုတွေကိုလုပ်ဆောင်လာတဲ့သူတစ်ဦးလည်းဖြစ်ပြီး ပရိတ်သတ်အားပေးချစ်ခင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ဝါဆိုမိုးဦးဟာ ယခုဆိုရင်လည်း Snareအဖွဲ့၀င်အဆိုတော်ဖြိုးလေးနဲ့အတူ ပရိတ်သတ်တွေအားကျရတဲ့ သာယာပျော်ရွှင်ဖွယ် relationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာတစ်ဦးနဲ့တစ်ဦး အတွဲညီညီနဲ့လက်တွဲနေကြတာဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာအောင်မြင်မှုရရှိထားကြတဲ့သူတွေဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူတို့စုံတွဲလေးကိုချစ်ကြတယ်မလား။
ဝါဆိုမိုးဦးဟာ သီချင်းတွေလည်းသီဆိုတတ်သူတစ်ယောက်ဖြစ်ပြီး ရှိုးပွဲတွေလည်းသီဆိုလေ့ရှိပါတယ်။ သူမဟာမကြာသေးမီက Facebookစာမျက်နှာတွင်"၁၉လမ်းChannel 9 မဏ္ဌပ်မှာပဲ ဖျော်ဖြေခွင့်ရခဲ့တာ ဒီနှစ်နဲ့ပါဆို ၇နှစ် ပေါ့ ချစ်မ မမီးနဲ့ skynet မိသားစုညီကိုမောင်နှမများအားလုံး ၁၉လမ်းChannel 9 ရဲ့အမာခံချစ်ပရိတ်သတ်များအားလုံးကို ဒီနှစ်သကြ်န် ကြီး မှာ သတိရနေပါတယ်" ဆိုပီးရေးသားဖော်ပြလာပါတယ်။ ဝါဆိုမိုးဦးဖျော်ဖြေခဲ့တဲ့ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Source-Warso Moe Oo's Facebook acc
Photo credit-Warso Moe Oo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။