ချစ်ပရိသတ်ကြီးရေ မတ်မတ်နွယ်ဒါလီထွန်းလို့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် မင်းသမီးချောလေးဖြစ်တဲ့

နွယ်ဒါလီထွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမက ကိုရီးယား မင်းသမီးတစ်ယောက်လို အသားအရေ ဖြူဝင်းချောမွတ်ကာ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ အမြဲဖမ်းစားနိုင်သူလေးဖြစ်ပါတယ်။ သဘောကောင်းသူဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပုရိသယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။

Photo credit - Nwe Darli Htun's fb account
Photo credit - Nwe Darli Htun's fb account

နွယ်ဒါလီထွန်းဟာ ချစ်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့အလှတရားတွေပေါ်လွင်စေတဲ့ ရိုးရှင်းစွာလှနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေက ဆွဲဆောင်မှုရှိလွန်းတာကြောင့် သူမရဲ့ ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo credit - Nwe Darli Htun's fb account
Photo credit - Nwe Darli Htun's fb account

သူမက ပုံရိပ်လေးတွေအပြင် " စိတ်ပူတယ် အိမ်မှာပဲနေ " ဆိုတဲ့ စာသားလေးကိုလည်းရေးသားထားတာပဲဖြစ်ပါတယ်။

ကြွေရုပ်လေးလိုလှပလွန်းတဲ့ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီးအချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

ကဲချစ်ပရိသတ်ကြီးလည်း သူမရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Nwe Darli Htun's fb account
Photo credit - Nwe Darli Htun's fb account

Source & Photo credit - Nwe Darli Htun's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။