နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ မင်းသမီးချောလေးပိုးအိအိခန့်တို့မိသားစုလေးကို ပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူတို့နှစ်ဦးဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားကြတာဖြစ်ပြီး ချစ်စရာသားငယ်လေးကိုလည်းပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးနဲ့ လုံးကစ်ကစ်လေးချစ်စရာကောင်းနေတဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့သားလေးသဲကိုးဟာ အသက်(8)လကျော်ရှိနေပြီဖြစ်ပါတယ်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

ပိုးအိအိခန့်ဟာ သရုပ်ဆောင်မင်းသမီးချောတစ်ယောက်ဖြစ်သော်လည်း သားလေးကိုအနီးကပ်ပြုစုချင်တာကြောင့် အနုပညာအလုပ်တွေကိုခဏရပ်နားထားတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေရပ်နား‌ထားပေမယ့် ပရိတ်သတ်တွေက သူမကိုရော သူမရဲ့မိသားစုလေးကိုအချစ်တွေပိုပီးရင်းပိုနေကြတာဖြစ်ပါတယ်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

ပိုးအိအိခန့်ဟာ သားငယ်လေးသဲကိုးရဲ့ပုံလေးတွေကို social networkတွင်တင်ပေးလေ့ရှိသူတစ်ယောက်ပါ။ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင်"Covid ဂယက်ကြောင့်စိတ်တွေ ပုံမှန်မဖြစ်လို့ အခုမှပဲ ပုံရိုက်ဖြစ်လို့ သားသားကို လွမ်းနေသူတွေ အတွက်ပုံတင်ပေးလိုက်ပါတယ်ရှင်"ဆိုတဲ့ စာသားလေးနဲ့ သဲကိုးလေးရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် သားလေးသဲကိုးရဲ့ပုံတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc

Source-Poe  Ei Ei Khant's Facebook acc

Photo credit-Poe Ei Ei Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။