လိုက်ဖက်ညီလွန်းလှတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတွေကတော့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဂီတလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ရရှိပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။

Photo Credit- Chit Thu Wai’s Facebook Account
Photo Credit- Chit Thu Wai’s Facebook Account
Photo Credit- Chit Thu Wai’s Facebook Account

လတ်တလောမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်းမှတစ်ဆင့် လိုအပ်တဲ့နေရာတွေကို အလှူအတန်းလေး ပြုလုပ်နေကြတာဟာလည်း မြင်ရသူတိုင်းကို ပီတိဖြစ်စေတာပါ။ ပရိသတ်တွေကိုလည်း မပျင်းရအောင် အိမ်မှာနေပြီး တစ်နေ့တစ်မျိုးမရိုးရအောင် ဖျော်ဖြေတင်ဆက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ချစ်သုဝေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Credit- Chit Thu Wai’s Facebook Account
Photo Credit- Chit Thu Wai’s Facebook Account
Photo Credit- Chit Thu Wai’s Facebook Account

ဒါကတော့ ချစ်ဇနီးလေးသီချင်းဆိုနေတာကိုဘေးကနေစန္ဒယားတီးကာ ပါရမီဖြည့်ပေးနေတဲ့ လင်းလင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ထရီဇာကတော့ Live Chat ကနေတစ်ဆင့် သီချင်းလေးတွေများစွာ သီဆိုပြနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Chit Thu Wai’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။