ပြည်သူချစ်သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ မြင့်မြတ်ကတော့ မာန်မာနကင်းပြီး စိတ်သဘောထားဖြူစင်သူ ဖြစ်ပါတယ် ။ မြင့်မြတ်က ပရိသတ်တွေအပေါ်မှာ ချစ်ခင်ရင်းနှီးစွာဆက်ဆံတတ်သလို လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လေးလေးစားစားဆက်ဆံတတ်တာ ဖြစ်ပါတယ် ။ လူချစ်လူခင်ပေါများတဲ့ မြင့်မြတ်က အလှူအတန်းနဲ့ပတ်သက်ရင်လည်း လက်မနှေးတတ်တာ ဖြစ်ပါတယ် ။ အခုလည်း မြင့်မြတ်တို့မိသားစုလေးက ဝမ်းရေးခက်ခဲနေတဲ့သူတွေအတွက် ပါဝင်လှူဒါန်းခဲ့ပါတယ်။

Photo Credit -Myat Wai Tun's FB Acc
Photo Credit -Myat Wai Tun's FB Acc
Photo Credit -Myat Wai Tun's FB Acc

ဒီအကြောင်းကို မြင့်မြတ်တို့မိသားစုနဲ့ ခင်မင်ရင်းနှီးတဲ့ သရုပ်ဆောင်ဂျူဂျူးပန်ထွာက "သရုပ်ဆောင် ကိုမြင့်မြတ် ( ဇနီး) မခင်သူအောင် သားလေးမြတ်သူ #ကိုလှဖြိုး မယမင်းစိုးတို့မှ စုပေါင်းလှူဒါန်းသည် ။ ရွှေဘိုပေါ်ဆန်း( ၄ အိတ်) နှင့် ဆီ ခေါက်ဆွဲ များနှင့် ငွေကြေးအနည်းငယ်ကို လက်ရှိ အခြေအနေ ( Covid 19 )တွင် ဝမ်းရေးအဆင်မပြေသူများအတွက် ပစ္စည်းများ ကားပေါ်တင်ကာ တတ်နိုင်သလောက် လိုက်လံလှူဒါန်းမှုများပြုလုပ်ပေးနေပါသည် God Bless you all

Photo Credit -Jue Lay's FB Acc
Photo Credit -Jue Lay's FB Acc
Photo Credit -Jue Lay's FB Acc
Photo Credit -Jue Lay's FB Acc
Photo Credit -Jue Lay's FB Acc

ချစ်သူငယ်ချင်းဇနီးမောင်နှံလည်းဒီထက်မကလှူဒါန်းနိုင်ပါစေ အကယ်ဒမီတွေလည်းထပ်ကာထပ်ကာရပြီး ကျန်းမာပျော်ရွှင်ပြီးစိတ်ချမ်းသာတဲ့မိသားစုလေးဖြစ်ပါစေ Phပြောတိုင်း ကိုယ်လှူချင်ရင်သူလည်းလှူချင်တယ်အမြဲပြောတတ်တဲ့ချစ်ဆုံးသူငယ်ချင်းခင်သူအောင်လည်းဒီထက်ပိုပိုလှလာပါစေ Covid ပြီးရင်မုန့်သွားစားကြမယ် ချစ်တယ်သဲလေး "ဆိုပြီး တင်ပေးထာတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေလည်း မြင့်မြတ်တို့မိသားစုရဲ့အလှူလေးကို သာဓုခေါ်စေနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Source & Photo Credit -Jue Lay's FB Acc

Photo Credit -Jue Lay's FB Acc
Photo Credit -Jue Lay's FB Acc
Photo Credit -Jue Lay's FB Acc
Photo Credit -Jue Lay's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။