ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ တန်ဖိုးကြီး အမှတ်တရ ပစ္စည်းလေးတွေထဲကမှ တစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံက ဈေးကြီးတဲ့ အရုပ်လေးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ထိုအရုပ်လေးအား ပြုလုပ်ခဲ့ပုံအကြောင်းကို အရင်ဆုံးပြောပြပေးသွားပါ့မယ်။ ဂျပန်နိုင်ငံမှ "ဂင်ဇာ" လို့အမည်ရှိတဲ့ ကျောက်မျက် ရတနာကုမ္ပဏီနှင့် ဘန်ဒိုင်း ကလေးကစားစရာ အရုပ်ကုမ္ပဏီတို့ဟာ နာမည်ကြီး ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ လူတူစက်ရုပ် ဂန်ဒမ် (Robot Gandam) ကို ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ထိုဂန်ဒမ်အရုပ်လေးဟာ ဂျပန်နိုင်ငံမှာ နှစ်ကာလရှည်ကြာစွာ လူကြိုက်များခဲ့တဲ့ ကာတွန်းဇာတ်လမ်းတွဲမှ ဇာတ်ဆောင်ဖြစ်ပါတယ်။ ဂန်ဒမ် အရုပ်လေးဟာ ၁၃ စင်တီမီတာသာ မြင့်ပြီး ၁၄၀၀ ဂရမ်လေးတာ ဖြစ်ပါတယ်။ ပလက်တီနမ် စစ်စစ်ဖြင့် ပြုလုပ်ထားတဲ့ ထိုအရုပ်လေးရဲ့ တန်ဖိုးဟာ ဒေါ်လာ(၄၁၄၆၈) ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။