ပရိတ်သတ်ကြီးရေ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲ ၀င်ရောက်လာတဲ့နာမည်ကြီးသရုပ်ဆောင်များထဲက တစ်ဦးဖြစ်တဲ့စည်ဖြိုးကိုသိကြမယ် ထင်ပါတယ်နော်။ စည်ဖြိုးတို့မိသားစုဟာ အလှူရေစက်လက်နဲ့မကွာလှူဒါန်းကြပြီး သဒ္ဒါတရားထက်သန်တာကြောင့်ပရိတ်သတ်တွေအားပေးချစ်ခင်မှုရရှိထားတဲ့သူတွေလည်းဖြစ်ပါတယ်။

Photo credit-Si Phyo's Facebook acc
Photo credit-Si Phyo's Facebook acc

စည်ဖြိုးဟာ ပြည်တွင်းမှာသာမက ပြည်ပအထိပါအနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိတ်သတ်အားပေးလက်ခံတဲ့အနုပညာရှင်တစ်ဦးပါ။ စည်ဖြိုးဟာ မော်ဒယ်ခင်လွှမ်းနဲ့လည်း သာယာပျော်ရွှင်ဖွယ် relationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး လိုက်ဖက်ညီလွန်းတာကြောင့်ပရိတ်သတ်တွေအားကျရတဲ့စုံတွဲလေးပါ။

Photo credit-Si Phyo's Facebook acc
Photo credit-Si Phyo's Facebook acc

စည်ဖြိုးဟာ သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို မကြာခဏဆိုသလို social networkတွင်တင်ပေးလေ့ရှိသူတစ်ယောက်ပါ။ ယခုလည်းသူ့ရဲ့ Facebookစာမျက်နှာတွင် "Mask တွေလိုက်ဝေရင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်း ရဲအရာရှိဝန်ထမ်းများအတွက် နိုင်သလောက်လေးဝင်လှူကိုယ်စိတ် ကျန်းမာချမ်းသာ လို့ ကပ်ဘေးဝေးကြပါစေ" ဆိုပီးရေးသားဖော်ပြထားပါတယ်။ စည်ဖြိုးရဲ့အလှူဒါနလေးကိုပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Si Phyo's Facebook acc
Photo credit-Si Phyo's Facebook acc

Source-Si Phyo's Facebook acc

Photo credit-Si Phyo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။