ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချောလေး ဇေယျကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်လာတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။ဇေယျကလည်း သူ့ခေတ်သူ့အခါမှာ အားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်လာခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိတိုင် သူ့ကိုအားပေးကြတဲ့ပရိသတ်တွေကလည်း အခိုင်အမာအားပေးနေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Zay Ya's Facebook Account
Photo Credit:Zay Ya's Facebook Account
Photo Credit:Zay Ya's Facebook Account

ဇေယျကဝောာ့ လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ချောမောခန့်ညားတဲ့ရုပ်ရည်ကလည်း ယနေ့အချိန်ထိတိုင် နည်းနည်းလေးမှမလျော့သွားတာကြောင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဖြစ်နေဆဲပါနော်။ဇေယျက အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်ထားပြီး စကားပြောရင်လည်းဖော်ရွေတာကြောင့် လူချစ်လူခင်ပေါများတဲ့သူဖြစ်ပါတယ်။

Photo Credit:Zay Ya's Facebook Account
Photo Credit:Zay Ya's Facebook Account

ဇေယျက မိဘအပေါ်မှာလည်းသိတတ်လိမ္မာပြီး လိုလေသေးမရှိအောင်လုပ်ကျွေးပြုစုပေးနေတဲ့ သားလိမ္မာလေးပါနော်။အခုဆိုရင်‌လည်း ဇေယျက သူ့ရဲ့မွေးနေ့လေးမှာ မွေးသမိခင်ရဲ့ ကျေးဇူးတွေကိုသိတတ်ပြီး ကိုယ်ပိုင်ပိုက်ဆံလေးနဲ့ကန်တော့ခဲ့တာဖြစ်ပါတယ်။ဇေယျက"ကျွန်တော်မွေးနေ့မှာ ရှာလို့ရတဲ့ ဝင်ငွေထဲကနေ မိဘကိုတတ်နိုင်သလောက်လေးကန်တော့ခဲ့ သားသမီးတိုင်းမိဘကျေးဇူးဆပ်နိုင်ကြပါစေ"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Zay Ya's Facebook Account
Photo Credit:Zay Ya's Facebook Account
Photo Credit:Zay Ya's Facebook Account

Source&Photo Credit:Zay Ya's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။