ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်သည် မန်ချက်စတာယူနိုင်တက်အသင်း ကိုပြောင်းရန်စိတ်ဝင်စားနေကြောင်း အင်္ဂလန်မီဒီယာအချို့ကဖော်ပြနေသည်။ ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်သည် ဆရာဟောင်းမော်ရင်ဟိုရဲ့လက်အောက် မန်ချက်စတာယူနိုင်တက်ကွင်းလယ်တွင်ကစားလိုနေသည်ဟု သတင်းတွေထွက်ရှိနေသည်။

မန်ချက်စတာယူနိုင်တက်အသင်းနည်းပြ မော်ရင်ဟိုသည် မနှစ်ကရာသီအစတွင် ချယ်ဆီးကစားသမား မာတစ်ကို ကမ်းလှမ်းခဲ့သော်လည်း ချယ်ဆီးအသင်းနည်းပြ ကွန်တီက ကမ်းလှမ်းမှုအား ပယ်ချခဲ့ခြင်းဖြစ်သည်။ မန်ချက်စတာယူနိုင်တက်အသင်းနည်းပြ မော်ရင်ဟိုသည် အသက်ကြီးလာပြီဖြစ်သော ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်နေရာ အစားထိုးရန်ကစားသမားတစ်ယောက် ရှာဖွေလျက်ရှိသည်။

မန်ချက်စတာယူနိုင်တက်အသင်းနည်းပြ မော်ရင်ဟိုအနေဖြင့် ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်ကိုသာမက တော့တီဟမ်ဟော့စပါးအသင်းရဲ့လူငယ် ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာကိုပါ ခေါ်ယူရန် စောင့်ကြည့်နေသည်။ သို့သော် ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်ကိုယ်တိုင်က မန်ချက်စတာယူနိုင်တက်ကိုပြောင်းကစားလိုနေသည်ဟု သတင်းတွေထွက်နေသောကြောင့် စပါးကဒိုင်ယာထက် မာတစ်က မန်ချက်စတာယူနိုင်တက်တို့ပိုရောက်ရှိလာနိုင်ဖွယ်ရှိနေသည်။

Source-ESPN

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။