ချစ်ပရိသတ်ကြီးရေ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတာမကြာသေးပေမယ့် ပရိသတ်ရင်ထဲ နေရာတစ်နေရာ အရယူထားနိုင်တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ပဲ ဖြစ်ပါတယ်။ သူမက အကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမယ်လေးအဖြစ်ပါဝင် ကူညီ အားဖြည့်ရင်း စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ music video တွေနဲ့ ကြော်ငြာတွေကိုလည်း များစွာရိုက်ကူးနေရပြီး အောင်မြင်မှုအသင့်အတင့်ရရှိနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။

Photo credit - SaungYoon San's FB account
Photo credit - SaungYoon San's FB account

သူမက ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်ပြီး လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေကို ဝတ်ဆင်တက်တာကြောင့် ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းယွန်းက စကားပြောဆို ယဥ်ကျေးပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသတို့အသည်းစွဲ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ် ။ ဆောင်းယွန်းက အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ နေ့စဉ် လှုပ်ရှားမှာပုံရိပ်လေးတွေကိုလည်း ဆိုရှယ်မီဒီယာကနေ အမြဲတင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်ရှိနေတာပဲဖြစ်ပါတယ်။ 

Photo credit - SaungYoon San's FB account

သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံက မကြာသေးမီအချိန်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ် စာမျက်နှာပေါ်မှာ " အရိုးသားဆုံး နဲ့ အပွင့်လင်းဆုံး ပြောမယ် မင်းရင်ခွင်မှာ တစ်သက်လုံး ခိုနားချင်တယ် " ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ နန်းစံစွာလှပနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီးအတွက် မင်းသမီးချောလေး ဆောင်းယွန်းစံရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။ 

Photo credit - SaungYoon San's FB account

Source & Photo credit - SaungYoon San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။