ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ လည်ပတ်ခွင့်မပြုတဲ့ တားမြစ်နယ်မြေများတွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "Poveglia Small Island" ပိုဗီဂလီယာ ကျွန်းငယ်အကြောင်း ကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပိုဗီဂလီယာဟာ အီတလီနိုင်ငံ ဗင်းနစ်စ်မြို့နှင့် ဗာတီကန် ကမ်းစပ်အိုင်ငယ် လီဒို အကြား တည်ရှိတဲ့ ကျွန်းငယ်လေးတစ်ခု ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာကတည်းက ပိုဗီဂလီယာဟာ ဒုက္ခသည်များ စုဝေးရာ၊ ခံတပ်နယ်မြေ၊ နယ်နှင်ဒဏ်ခံထားရသူများ နေရာ တစ်ခုဖြစ်ခဲ့ပြီးရောဂါသည်များနှင့် သေဆုံးသူများအား စွန့်ပစ်တဲ့ နေရာလည်းဖြစ်ခဲ့ပါတယ်။

photo credit pngtree

ဗင်းနစ်စ်နှင့် ပိုဗီဂလီယာမှာ သက္က ရာဇ် ၁၃၄၈ ခုနှစ်တွင် ပလိပ် ရောဂါဘေးကျရောက်ခဲ့ရာ ပိုဗီဂလီယာဟာ ရောဂါသည်များ သွားရောက်နေကြရတဲ့ နယ်မြေ တစ်ခု ဖြစ်ခဲ့ပါတယ်။ ပလိပ်ရောဂါ ပျံ့နှံ့၍ ထိန်းချုပ်မရနိုင်မှာကို စိုးရိမ်ခဲ့သော အာဏာပိုင်များဟာ ရောဂါဖြစ်ပွားနေတဲ့ များစွာသော ပြည်သူများကို ပိုဗီဂလီယာသို့ ပို့ဆောင်ခဲ့ပါတယ်။ ကျွန်းရဲ့ အလယ်မှာ သေဆုံးနေတဲ့ အလောင်းများနှင့် သေလုမျောပါးဖြစ်နေသော သေဆုံးပြီလို့ ယူဆခံရသူများကို စုပုံကာ မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၆၃၀ ပြည့်နှစ်က မြို့တော်တွင် ရောဂါဘယများ ထူပြောလာခဲ့ချိန်မှာ ကျွန်းပေါ်မှ မီးခိုးလုံးများ ထပ်မံထွက်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။