မင်းသမီးချောလေး မိုးယုစံကတော့ တစ်ချိန်က ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး အောင်မြင်နေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ နုပျိုလှပနေဆဲဖြစ်ကာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

photo credit : Moe Yu San ' s facebook account
photo credit : Moe Yu San ' s facebook account

သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုလေးကို ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကာ သူမရဲ့ သားလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးပဲဖြစ်ပါတယ်။ သားလေးကို အချိန်အပြည်အဝပေးနေတဲ့ သူမကတော့ အနုပညာအလုပ်တွေ မလုပ်ကိုင်ပေမယ့်လည်း နှင်းဆီရင်ခွင်အဖွဲ့နဲ့အတူ အငြိမ့်တွေကို ကလျက်ရှိနေရာ အငြိမ့်ကရာတွင်လည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

photo credit : Moe Yu San ' s facebook account
photo credit : Moe Yu San ' s facebook account

သူမရဲ့သားလေးကတော့ ယခုမှာ စာအုပ်တွေဖတ်ကာ အပျော်ကြီးပျော်ရွှင်နေခဲ့ပါတယ်။ သူမကတော့ " သားသားတွက် မပျင်းရအောင်စာအုပ်လက်ဆောင်ပေးတဲ့ တွက်ကျေးဇူးတင်ပါတယ် " ဆိုပြီး သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဖြစ်တဲ့ မိုးယုစံသားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

SOURCE: Moe Yu San ' s facebook account

photo credit : Moe Yu San ' s facebook account
photo credit : Moe Yu San ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။