ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း၏ဂိုးသမား အသက်၂၃နှစ်အရွယ်ရှိ ဘရာဇီးလူမျိုး အီဒါဆင်ကို ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းမှ ပြောင်းရွှေ့ကြေးပေါင်၃၅သန်း ယူရိုသန်း၄ဝဖြင့် သဘောတူညီမှုရထားပြီးပြီဖြစ်ကြောင်း ပေါ်တူဂီမှလာသော သတင်းများအရ သိရှိရပါတယ်။ ထို့ကြောင့် အပြောင်းအရွှေ့ဖြစ်လာပါက ဂျုဗင်တပ်ဂိုးသမားဘူဖွန် ကိုကျော်၍ စျေးအကြီးဆုံးဂိုးသမားဖြစ်လာမည်ဖြစ်သည်။

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်း၏ဂိုးသမား အီဒါဆင်သည် မန်ချက်စတာစီးတီးအသင်း မှာဆေးစစ်မှုလည်းခံရပြီးပြီဖြစ်ကြောင်းနဲ့ ကြေညာချက်ထုတ်ပြန်ရန်သာ လိုတော့ကြောင်း သတင်းများကဆိုသည်။ အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီးတော့ ဂိုးသမား အီဒါဆင်က မန်ချက်စတာစီးတီးအသင်းမှာ ကစားရတော့အတွက် အလွန်ပျော်ကြောင်း ဖြေကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ နာမည်ကြီးနည်းပြ ဂွာဒီယိုလာကတော့ သူရဲ့နည်းပြဘဝ ပထမဆုံး ဖလားလက်မဲ့ရာသီကို တွေ့ကြုံရပြီးမှာတော့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းလဲမှုတွေကြီးကြီးမားမား ပြုလုပ်နေပါပြီ။ ယခု အပြောင်းအရွှေ့ကာလမှာ မိုနာကို ကွင်းလယ်ကစားသမား ဘာနန်ဒိုဆေးဗားကို ပေါင်၄၃သန်းဖြင့်ခေါ်ယူထားသလို ယခု ဘင်ဖီီကာအသင်း၏ဂိုးသမား အီဒါဆင်ကိုပါ ထပ်မံခေါ်ယူနိုင်ခဲ့သည်။

Source-Sky Sports

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။