ပရိသတ်တွေအရမ်းချစ်နေရတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasureလေးဟာဆိုရင် မွေးစကတည်းကလူချစ် လူခင်ပေါများတဲ့ကလေးလေးပဲဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အချိန်မှာ Treasureလေးက မေမေနဲ့ချွတ်စွပ်တူပြီး မေမေ့လိုမျိုးနှုတ်ခမ်းလှလှလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ Treasureလေးက (၈)လကျော်အရွယ်ကိုရောက်ရှိနေပြီး မကြာခင်မှာ(၉)လပြည့်တော့မှာဖြစ်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's Instagram account
Photo Credit:Sandy Myint Lwin's Instagram account
Photo Credit:Sandy Myint Lwin's Instagram account

မေမေဒီဒီးကလည်း သမီးချောလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ပိုးမွေးသလိုကြင်နာယုယတာကြောင့် သမီးလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကာ တစ်လုံးတစ်ခဲကြီးနဲ့ချစ်စရာကြီးပါနော်။မေမေဒီဒီးက သမီးလေးရဲ့နာမည်ကို ခင်လင်းထင်လို့ နာမည်လှလှလေးပေးထားပြီး Treasureလေးကြောင့် သူမတို့အိမ်လေးကိုပိုမိုစိုပြေပြီး သာယာချမ်းမြေ့နေတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Instagram account
Photo Credit:Sandy Myint Lwin's Instagram account
Photo Credit:Sandy Myint Lwin's Instagram account

ပရိသတ်တွေကလည်း Treasureလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်အားပေးနေကြပြီး ချစ်မဝတွေဖြစ်နေကြတာဖြစ်ပါတယ်။ပါးဖောင်းဖောင်း၊မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Treasureလေးက အသည်းယားစရာလေးပါနော်။အခုဆိုရင်တော့ Treasureလေးက ပိတောက်ပန်းလေးတွေနဲ့အတူ နှစ်သစ်ကိုကြိုဆိုနေပြီး အရုပ်မလေးလိုချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Sandy Myint Lwin's Instagram account
Photo Credit:Sandy Myint Lwin's Instagram account
Photo Credit:Sandy Myint Lwin's Instagram account

Source&Photo Credit:Sandy Myint Lwin's Instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။