မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ အကယ်ဒမီနှစ်ဆုတိတိဆွတ်ခူးရရှိထားပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်စာရင်းဝင်နေတာ ဖြစ်ပါတယ် ။ နိုင်ငံတကာနဲ့ပါလက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတဲ့ ရွှေကစ်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုကျော်ကြားနေတာ ဖြစ်ပါတယ် ။ ရွှေကစ်လေးက ရုပ်ရည်ချောမောလှပတဲ့အပြင် စိတ်သဘောထားလေးကလည်း ဖြူစင်နေတာဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi's FB Page
Photo Credit- Wutt Hmone Shwe Yi's FB Page
Photo Credit- Wutt Hmone Shwe Yi's FB Page

အခုလည်း ရွှေကစ်လေးက ကိုယ်တိုင်အိမ်မှာနေနေရပေမယ့် အပြင်မှာဝမ်းရေးအတွက် သွားလာလှုပ်ရှားနေရတဲ့သူတွေအတွက် အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ ရွှေကစ်လေးက တစ်ယောက်စီကို ဆန်၊ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ လက်သန့်စင်ဆေးရည်တို့အပြင် ငွေကြေးတွေပါလှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ ကိုယ်တိုင်လိုက်ပြီး လှူဒါန်းခဲ့တဲ့ ရွှေကစ်လေးကတော့ တကယ့်ကိုမွန်မြတ်တဲ့ကုသိုလ်လေးကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit- Wutt Hmone Shwe Yi's FB Page
Photo Credit- Wutt Hmone Shwe Yi's FB Page

ရွှေကစ်လေးက "ကစ် လည်း Stay Home နေတာ 10 ရက်ကျော်လာပြီဆိုတော့ ဟိုတနေ့ကစာအုပ်ဖတ်နေရင်း ကစ်တို့ က အိမ်ထဲမှာနေလို့ရပေမယ့် အပြင်မှာ ၀မ်းရေးအတွက် သွားနေရတဲ့ သက်ကြီးရွယ်အိုတွေ နေ့စား လုပ်သားတွေ မယ်သီ လရှင်တွေ တိုင်းပြည်သန့်ရှင်းရေး‌အတွက်မရှိမဖြစ် စည်ပင် ၀န်ထမ်းတွေကို အကူအညီလေးပေးချင်စိတ်လေးဖြစ်လာလို့ ဒီအလှူလေးကို ပြုဖြစ်ပါတယ်ရှင့်။ " ဆိုပြီးအလှူမှတ်တမ်းဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ ရွှေကစ်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Wutt Hmone Shwe Yi's FB Page

Photo Credit- Wutt Hmone Shwe Yi's FB Page
Photo Credit- Wutt Hmone Shwe Yi's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။