ပရိသတ်ကြီးရေ ရွှေအိမ်စည်ကတော့ မော်လ်ဒယ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားနိုင်ခဲ့ပါတယ်။ရွှေအိမ်စည်ကတော့ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေကို ရယူထားပြီး ရဲရ ထက်မြတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်နော်။ ဒါ့အပြင်လှပလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားသလို တစ်မူထူးခြားတဲ့မျက်နှာလေးနဲ့ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ အိမ်စည်လေးကို ပရိတ်သတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။

Photo Credit - Shwe Eain Si
Photo Credit - Shwe Eain Si

သူမက မော်ဒယ်ပိုင်းသာမက ရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေပြီး ခြေလှမ်းသစ်တွေလှမ်းနေပြီပဲဖြစ်ပါတယ်။ ဝတ်စားဆင်ယဉ်မှုတွေကလည်း ခေတ်ပေါ် အမိုက်စားဖက်ရှင်တွေကို လိုက်ဖက်ညီညီဝတ်ဆင်တက်တာကြောင့်ပျိုမဒီလေးတွေရဲ့ လေးစားအတုယူရတဲ့သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေဖြစ်အောင် အရင်က ခရီးသွားရင်း ဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံရိပ်လေးတွေ တင်ပေးလာခဲ့ပါတယ်။

Photo Credit - Shwe Eain Si
Photo Credit - Shwe Eain Si

ဒီပုံရိပ်လေးတွေထဲမှာလည်း ရွှေအိမ်စည် က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးကို အထာကျကျ ဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်အမူရာလေးတွေနဲ့ ချစ်သတ်ကြွေအောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေဖြစ်ပါတယ်။ တစ်မျိုးလေး လှသွေးကြွယ်နေပြီး ချစ်စရာကောင်းနေတဲ့ ရွှေအိမ်စည် ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးက အသည်းလေးတွေပေးလိုက်ပါဦးနော်.....။ ကဲ...ချစ်ပရိသတ်ကြီးရေ အိမ်မှာနေရင်း အလွမ်းပြေဖြစ် ပြန်လည်ကြည့်ရှုခံစားလို့ရအောင် အချစ်တော်လေး ရွှေအိမ်စည် ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shwe Eain Si
Photo Credit - Shwe Eain Si

Photo Credit - Shwe Eain Si

Source- Shwe Eain Si Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။