အကယ်ဒမီမင်းသားကြီးလွင်မိုးရဲ့ သမီးချောလေးနှစ်ယောက်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးနဲ့ယွန်းနဒီလွင်မိုးတို့ညီအစ်မနှစ်ယောက်ကတော့ ဟိုးအရင်ကတည်းက ကြော်ငြာလေးတွေရိုက်ကူးလာခဲ့ကြတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကတော့ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ကျောင်းပိတ်လို့ပြန်လာချိန်လေးမှာ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားခဲ့သေးတာဖြစ်ပါတယ်။

Photo Credit:Yunnandy's Instagram account
Photo Credit:Yunnandy's Instagram account
Photo Credit:Yunnandy's Instagram account

ယွန်းဝတီလွင်မိုးရဲ့တစ်ဦးတည်းသောသားလေး Liamလေးကလည်း ချစ်မွှေးပါတဲ့မျက်နှာလေးကြောင့် တွေ့မြင်တဲ့သူတိုင်းကချစ်ခင်ကြရလောက်အောင် စန်းပွင့်လွန်းတဲ့ကလေးလေးဖြစ်ပါတယ်။မွေးစကတည်းက သူ့ကိုချစ်တဲ့ပရိသတ်တွေကို ပိုင်ဆိုင်ထားပြီး ယနေ့အချိန်ထိလည်း Liamလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Yunnandy's Instagram account
Photo Credit:Yunnandy's Instagram account

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ဩစတေးလျနိုင်ငံကိုကျောင်းပြန်သွားတက်နေပြီဖြစ်ပြီး သားသားလေးLiamကတော့ ဖိုးဖိုး၊ဖွားဖွား၊တီတီယွန်းနဒီတို့နဲ့အတူ နေခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ Liamလေးက တီတီ့ပေါ်မှာထိုင်ပြီး တီဗွီကိုဇိမ်ကျကျကြည့်နေကာ မနက်စောစောမှာ သမ်းနေတဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Yunnandy's Instagram account
Photo Credit:Yunnandy's Instagram account
Photo Credit:Yunnandy's Instagram account

Source&Photo Credit:Yunnandy's Instagram account

Video Credit:Yunnandy's Instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။