ဆွဲဆောင်မှုရှိမိမိုက်လွန်းတဲ့ ခန္ဓာကိုယ် ပေါ်မှာ အမိုက်စားတက်တူးတွေ ဆေးခြယ်ထားတဲ့ကိုလူချောလေးတစ်ယောက်လို့ဆိုလိုက်တာနဲ့ မင်းသားချောလေး တိုင်ရွန်ကိုပြေးမြင်မိကြမယ်ထင်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်တဲ့ တိုင်ရွန်ကတော့ မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလေးဖြစ်ပါတယ်။ တိုင်ရွန်က ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ Six Packs တွေနဲ့ ပျိုပျိုမေလေးတွေကို ဖမ်းစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

တဖြည်းဖြည်းနဲ့ နာမည်ကြီးအောင်မြင်လာတဲ့ တိုင်ရွန်က ကြော်ငြာတွေ ဇာတ်ကားတွေနဲ့ သီချင်းဗီဒီယိုတွေ အဆက်မပြတ်ရိုက်ကူးနေရ တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယောက်င်္ကျားပီသပြီး ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးစားပေါ်လွင်နေတဲ့ အမိုက်စား ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုအပြည့်နဲ့ အထာကျလွန်းတာကြောင့် ကောင်မလေးတွေကြွေစေမှာ အမှန်ပဲဖြစ်ပါတယ်။ 

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

Source & Photo Credit : Tyron Bejay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။