ပရိသတ်ကြီးရေ ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဟိုးတစ်ခေတ်ကတည်းကဖန်တီးလာခဲ့တဲ့သူဖြစ်ပါတယ်။စင်ရော်မောင်မောင်ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်းမနည်းတော့တာဖြစ်လို့ ယနေ့အချိန်မှာတော့ဝါရင့်ဒါရိုက်တာကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေပြီး ပရိသတ်တွေကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းများစွာကို ရိုက်ကူးပုံဖော်နေဆဲဖြစ်ပါတယ်။

Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account/Amazing Grace

ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့ သားဖြစ်သူမင်းသန့်မောင်မောင်ကလည်း ဖေဖေနဲ့မေမေတို့ရဲ့အနုပညာသွေးတွေအပြည့်စီးဆင်းနေတာကြောင့် နိုင်ငံရပ်ခြားမှာ ရုပ်ရှင်ပညာကိုလေ့လာဆည်းပူးခဲ့ပြီး အခုချိန်မှာတော့ ဘွဲ့ရပြီးလို့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပါပြီနော်။မင်းသန့်မောင်မောင်ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့"တိမ်တွေပေါ်ကပန်း"ဇာတ်ကားကလည်း ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။

Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account

မင်းသန့်မောင်မောင်ရဲ့အနုပညာအရည်အသွေးကလည်း ပြည့်ဝတာကြောင့် စင်ရော်မောင်မောင်တို့သားအဖနှစ်ယောက်က အတူတူလက်တွဲလုပ်ဆောင်နေကြတာဖြစ်ပါတယ်။စင်ရော်မောင်မောင်က သားလေးကိုလည်းအရမ်းချစ်ပြီးဖခင်ကောင်းတစ်ယောက်ပီသကာ အခုဆိုရင်လည်း ကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး ဟင်းတွေကို သေချာချက်ပြုတ်ပြင်ဆင်နေတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Zin Yaw Mg Mg's Facebook Account
Photo Credit:Zin Yaw Mg Mg's Facebook Account

Source&Photo Credit:Zin Yaw Mg Mg's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။