ချစ်ပရိသတ်ကြီးရေ MRTV-4က ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးလက်ခံမှုကို ရရှိထားတဲ့ ချစ်စရာမင်းသမီးချောလေး ပိုးကြာဖြူခင်ကို သိကြမယ်ထင်ပါတယ်။

သူမဟာ မိုးကောင်းကင်အိမ်မက်ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဆိုင်းမိုင် ဆိုတဲ့ ကောင်မလေးနေရာက ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက သူမကိုနောက်ပိုင်းမှာ ဆိုင်းမိုင်လို့ ချစ်စနိုးခေါ်ကြတာပါနော်။ 

Photo credit - Poe Kyar Phyu Khin's FB account
Photo credit - Poe Kyar Phyu Khin's FB account

ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်တွေဆက်တိုက်ဆိုသလိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်အားပေးချစ်ခင်မှုအပြည့်အ၀ရရှိထားတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်. ။ သူမက လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာမှုကြောင့် အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ပရိသတ်တွေအလွမ်းပြေစေရန်အတွက် ပုံလေးတွေကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ 

Photo credit - Poe Kyar Phyu Khin's FB account
Photo credit - Poe Kyar Phyu Khin's FB account

မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " Home stay " ဆိုတဲ့ စာသားလေးကို ရေးသားထားတာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ သနားခါးလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း တင်ပေးထါးတာကြောင့် ချစ်ပရိသတ်ကြီးက ကြည့်ရှုပြီး အချစ်ပိုမိစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်... ။

သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..... ။

Photo credit - Poe Kyar Phyu Khin's FB account
Photo credit - Poe Kyar Phyu Khin's FB account

Source & Photo credit - Poe Kyar Phyu Khin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။