ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ပိုးအိအိခန့် ကတော့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်အလှတရားတွေအပြင် ကြည်လင်ဝင်းပနေတဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချောလေး ပိုးအိအိခန့် က သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေး တစ်ယောက်ကိုလည်းမွေးဖွားထားပါသေးတယ်။

Photo Credit - Aung Thu
Photo Credit - Aung Thu

ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ရိုးရိုးယဉ်ယဉ် အမြင်အေးစေတဲ့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို လိုက်ဖက်ညီညီ ဝတ်ဆင်တက်တဲ့သူပဲဖြစ်ပါတယ်။ လတ်တလောမှာတော ပိုးအိအိခန့်က အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားခဲ့ပေမယ့် ပရိသတ်တွေနဲ့ ဝေးမသွားအောင် နေ့စဉ်အမြဲလိုလို မိသားစု ပုံလေးတွေလည်းတင်ပေးလေ့ရှိပါတယ်နော်....။ ယခုမှာဆိုရင်လည်း ဧပြီလ ၇ ရက်နေ့မှာ အသက် ၂၆ နှစ် ပြည့်သွားပြီ ဖြစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် ပိုးအိအိခန့် ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။

Photo Credit - Aung Thu
Photo Credit - Aung Thu

Happy Birthday ပါ နော်... အနုပညာလောကမှာလည်း ပိုမိုအောင်မှုတွေကို ရယူပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေ...သာယာပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ပြီး ချစ်ရတဲ့ သူတွေနဲ့လည်း သက်ဆုံးတိုင်အောင်နေရပါစေနော်.....။ ပရိသတ်ကြီးကလည်း မင်းသမီးချောလေး ပိုးအိအိခန့် ရဲ့ ယနေ့မှာ ကျရောက်တဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့လေးကို ဆုတောင်းမေတ္တာပို့သပေးပါဦး။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးအိအိခန့် ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့လေးနဲ့အတူ ချစ်ရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Thu

Source- Aung Thu Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။