ပရိတ်သတ်ကြီးရေ အနုပညာလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်အားပေးလက်ခံတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးလေးပွင့်နဒီမောင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့ အနုပညာလောကထဲ၀င်ရောက်လာသူတစ်ဦးဖြစ်ပြီး ယခုဆိုရင်ဇာတ်လမ်းတွဲများလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။

Photo credit-Hazel Hnin Wai
Photo credit-Hazel Hnin Wai

ပွင့်နဒီမောင်ဟာ လတ်တလောတွင် photo shootingများလည်းရိုက်ကူးနေပြီး ပွဲအခမ်းအနားများလည်းတက်ရောက်နေတာဖြစ်ပါတယ်။ ပွင့်နဒီမောင်ဟာအနုပညာလုပ်ငန်းတွေကိုလည်း ပရိတ်သတ်တွေအတွက်တတ်နိုင်သမျှကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ အနုပညာလုပ်ကိုင်မှုနည်းသွားခဲ့ပေမယ့် ပရိတ်သတ်တွေကတော့သူမကို ဆက်လက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။

Photo credit-Hazel Hnin Wai
Photo credit-Hazel Hnin Wai

ဒါ့ပြင်သူမဟာ ပရဟိတအလုပ်တွေကိုလည်းတတ်နိုင်သလောက်ပါ၀င်အားဖြည့်လုပ်ဆောင်နေတာဖြစ်ပြီး အေးချမ်းစွာနဲ့ရိုးရိုးရှင်းရှင်းနေထိုင်နေသူတစ်ယောက်ပါနော်။ မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာတွင် "တစ်ထောင့်တစ်နေရာက ၇ ရက်သားသမီးတွေရဲ့ အပူမီးတွေ အမြန်ဆုံးငြိမ်းအေးပါစေ" ဆိုတဲ့စာသားလေးနဲ့ We Love Yangonဆီသွားပြီး ပရဟိတလုပ်ကိုင်နေပုံလေးများကိုတင်ပေးလာပါတယ်။ ပွင့်နဒီမောင်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Hazel Hnin Wai
Photo credit-Hazel Hnin Wai

Source-Pwint Nadi Maung's Facebook acc

Photo credit-Hazel Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။