မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့သားဦးလေးဖြစ်တဲ့ Liam လေးကိုတော့ အားလုံးကဝိုင်းချစ်နေရတာ ဖြစ်ပါတယ် ။ သြစတေးလျနိုင်ငံမှာ မွေးဖွားခဲ့တဲ့ Liam လေးက အခုတော့ မြန်မာနိုင်ငံက ဘိုးဘိုးဘွားဘွားတွေနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ Liam လေးက အသက်တစ်နှစ်ကျော်လို့ (၂)နှစ်နီးပါးအရွယ်တောင် ရှိနေပြီပဲ ဖြစ်ပါတယ် ။

Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy Lwin Moe's FB Page

Liam လေးကတော့ မွေးကင်းအစအရွယ်တုန်းက ဆံပင်ထောင်ထောင်လေးတွေနဲ့ တကယ့်ကို အသည်းယားစရာလေးဖြစ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ ပရိသတ်တွေအားလုံးက ဆံပင်ထောင်ထောင်လေးတွေနဲ့ ချစ်စရာ Liam လေးကို အချစ်ပိုလာခဲ့ရတာက အခုချိန်ထိပဲ ဖြစ်ပါတယ် ။ အခုလည်း မေမေယွန်းဝတီလွင်မိုးက "MAJOR THROWBACK" ဆိုပြီး Liam လေးရဲ့မွေးစအရွယ်ကပုံရိပ်လေးတွေကို မျှဝေထားပါတယ်။

Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc

မွေးကင်းစအရွယ်မှာ နီတာရဲလေးဖြစ်နေတဲ့ Liam လေးကိုတော့ ဘွားဘွားမေသူက ရင်ခွင်ထဲမှာထွေးပွေ့ထားတာ ဖြစ်ပါတယ် ။ ချစ်ဖို့ကောင်းတဲ့ Liam လေးက အခုဆိုရင် ပရိသတ်တွေအများအပြားရရှိထားပြီး လူချစ်လူခင်ပေါများနေတဲ့ကလေးလေးပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့သား Liam လေးရဲ့အသည်းယားစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Yunwaddy's IG Acc

Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc
Photo Credit-Yunwaddy's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။