အကယ်ဒမီမင်းသမီးချောလေး ချောရတနာကတော့ လက်ရှိမှာဆိုရင် သူမအတွက်ပထမဆုံးဖြစ်တဲ့ ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။"ကျွန်မ"ဇာတ်လမ်းတွဲထဲမှာ သန္တာဗိုလ်လည်းပါဝင်တာကြောင့် ညီအစ်မနှစ်ယောက်ကတော့ တိုင်တိုင်ပင်ပင်နဲ့အနုပညာအလုပ်တွေကို အတူတွဲပြီးလုပ်ဆောင်တော့မှာဖြစ်ပါတယ်။ပရိသတ်တွေကလည်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းပြန်လည်လုပ်ဆောင်လာတဲ့ ချောရတနာကို အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

ချောရတနာက ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သားတစ်ယောက်၊သမီးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ချောရတနာက အိမ်ထောင်မှုလည်းနိုင်နင်းပြီး သားသမီးတွေကိုလည်းသေချာဂရုစိုက်ပေးနေတာကြောင့် အနုပညာအလုပ်တွေနဲ့တော့ အလှမ်းဝေးကွာခဲ့ပေမယ့် ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

ချောရတနာရဲ့သမီးငယ်လေးCoCoကတော့ အငယ်ဆုံးလေးဖြစ်သလို အတတ်ဆုံးလေးလည်းဖြစ်ပါတယ်။CoCoလေးတို့မောင်နှမနှစ်ယောက်က မေမေသီချင်းဖွင့်ပေးတိုင်းအမြဲတမ်းကခုန်နေကြတတ်ပြီး ကလေး‌နှစ်ယောက်ကြောင့် မေမေချောရတနာလည်းမပျင်းရပါဘူးနော်။အခုဆိုရင်လည်း မေမေက ဒေါသထွက်ပြလိုက်လို့ မျက်နှာလေးငယ်သွားပြီးခေါင်းအုံးလေးပေါ်မှာ ချက်ချင်းအိပ်သွားတဲ့ ကောင်းသုတကျော်လေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

Source&Photo Credit:Chaw Yadanar's Facebook Account

Video Credit:Chaw Yadanar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။