အဆိုတော်၊သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေးအဖြစ် မွေးဖွားလာတဲ့ သမီးလေးကိုတော့ စန္ဒီမြင့်လွင်က တုန်နေအောင် ချစ်ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စန္ဒီမြင့်လွင်ရဲ့သမီးလေးက သူမနဲ့နှုတ်ခမ်းလေးတွေကအစ တစ်ထေရာတည်းတူပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

Treasure လေးလို့ချစ်စနိုးခေါ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက ပါးဖောင်းဖောင်းကစ်ကစ်လေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က သမီးလေးကိုအချိန်ပေးထားပြီး မိသားစုနဲ့အိမ်မှာပဲ နွေးနွေးထွေးထွေး နေထိုင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စန္ဒီမြင့်လွင်က အိမ်မှာနေရင်း သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

စန္ဒီမြင့်လွင်တို့သားအမိနှစ်ယောက်က ချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ အတူတူ Tik Tok ကစားထားတာ ဖြစ်ပါတယ် ။ မေမေ စန္ဒီမြင့်လွင်ကတော့ အိုက်တင်တွေအပီအပြင်လုပ်နေသလို သမီးလေး Treasure ကလည်း ကင်မရာကိုလိုက်ကြည့်နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် န္ဒီမြင့်လွင်တို့သားအမိရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sandy Myint Lwin's Tik Tok Acc

Photo Credit-Sandy Myint Lwin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။