အချစ်သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ကိုလှုပ်ခတ်စေနိုင်တဲ့ အဆိုတော်မလေးပိုပိုကို အထူးတလည်မိတ်ဆက်စရာမလိုဘူးထင်ပါတယ်နော်။သီချင်းစာသားအလန်းလေးတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ ပိုပိုက ယနေ့အချိန်အထိ သီချင်းတွေအများကြီး ထွက်ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် ပိုပိုက မြန်မာနိုင်ငံအနှံ့ ပွဲတော်တော်များများမှာ လိုက်လံသီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။

photo credit : Po Po Facebook Page
photo credit : Po Po Facebook Page

ဒီရက်ပိုင်းမှာတော့ ပိုပိုတစ်ယောက် သီချင်းဗီဒီယိုအသစ်လေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးနေတာ ဖြစ်ပါတယ်။ပိုပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို အများအပြားလက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

photo credit : Po Po Facebook Page
photo credit : Po Po Facebook Page

လတ်တလောမှာတော့ ကိုယ်တိုင်ဂစ်တာလေးတီးကာ သီချင်းတွေ ဆိုပြထားတဲ့ ဗီဒီယိုလေးကို အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ဆွဲဆောင်မှုရှိပြီး ချစ်စရာအရမ်းကောင်းလွန်းသလို သီချင်းလေးတွေဆိုထားတာအရမ်း နားထောင်ကောင်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

photo credit : Po Po Facebook Page
photo credit : Po Po Facebook Page

Soure  & photo credit : Po Po Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။