ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ဥသျှောင်တို့ရဲ့ စံအိမ်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Lafortaleza" လာဖိုတာလေဇာ အိမ်ဂေဟာကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

လာဖိုတာလေဇာဟာ ခံတပ်မြို့ရိုးတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ "Puerto Rico" အုပ်ချုပ်ရေးမှူးရုံးအဖြစ် အသုံးပြုလျက်ရှိပါတယ်။ ထိုခံတပ်ဟာ ခေတ်သစ်ကမ္ဘာရဲ့ ရှေးအကျဆုံးသော အာဏာပိုင်တို့ ရုံးစိုက်ရာ အိမ်ဂေဟာကြီး တစ်ခုလည်းဖြစ်ပါတယ်။ ၁၅၃၃ ခုနှစ်နှင့် ၁၅၄၀ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော မြို့တော်ကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦလည်းဖြစ်ပါတယ်။ San Juan ဆိပ်ကမ်းကို ကာကွယ် စောင့်ရှောက်ရန်လည်း ဖြစ်ပါတယ်။

photo credit pngtree

ယခုအခါမှာတော့ ရှေးဘုရင်တို့ စံမြန်းခဲ့တဲ့ စံအိမ်များ၊ လက်ရှိ နိုင်ငံခေါင်းဆောင်တို့ ရုံးစိုက်နေထိုင်ကြတဲ့ စံတော်အိမ်များကိုပါ လူအများက စိတ်ဝင်စားမှုရှိကြတာ ဖြစ်ပါတယ်။ အချို့သော စံအိမ်များမှာမူ ပြည်သူများ သွားရောက်လေ့လာနိုင်ကြပေမယ့် အချို့သောစံအိမ်များကတော့ အနားသို့ ကပ်လို့ပင်မရအောင် လုံခြုံရေးများက တင်းတင်းကြပ်ကြပ် စောင့်ကြည့်လျက်ရှိနေတာကို ကမ္ဘာအနှံ့ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။