တစ်ချိန်က အမိုက်စားသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားနိုင်တဲ့ ယုန်လေးကတော့ ယခုမှာ အောင်မြင်နေပြီဖြစ်တဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါရိုက်တာတစ်ယောက်အဖြစ်ရပ်တည်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေတဲ့ ယုန်လေးကတော့ အမှန်တကယ်လိုအပ်နေတဲ့ သူတွေကို လက်မနှေးဘဲ သူတတ်နိုင်သလောက် လှူတန်းပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit : yone lay ' s facebook account
photo credit : yone lay ' s facebook account

စိတ်သဘောထားဖော်ရွှေပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြောဆို တတ်တာကြောင့် အနုပညာရှင်အချင်းချင်းကပင် ညီအကိုမောင်နှမလို ချစ်ခင်ရတဲ့ ယုန်လေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယုန်လေးကတော့ ယခုမှာ ကောက်ခံထားတဲ့ အလှူငွေတွေကို ခါရာ ခြူးလေးတို့နဲ့အတူ ကိုယ်တိုင်လိုက်လံလှူဒါန်း ပေးနေခဲ့ပါတယ်။ 

photo credit : yone lay ' s facebook account
photo credit : yone lay ' s facebook account

ယုန်လေးကတော့ "ကျွန်တော် အလှူငွေ ကောက်ခံထားတာလေးတွေ ဒီနေ့ လိုက်လှူဖြစ်ပါတယ် . ဆေးရုံကြီး ဆေးရုံသစ်ကြီး ကုတင် ၅၀၀Dr မြတ်သန့် STA နယ်တွေအတွက်ဘိုကလေး ဆေးရုံ . PPE ၇ မျိုးပါ အစုံ ၁၅၀Mask ၁၅၀၀၀လက်အိတ်၁၀၀၀၀အရက်ပြန် ၁လီတာဗူး ၃၀၀ဒီကပ်ဘေး ကိုကျွန်တော်တို့တွေစည်းစည်းလုံးလုံး နဲ့ကျော်ဖြတ်ကျမယ်အားလုံး Peace " ဆိုပြီးရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပြည်သူချစ်အနုပညာရှင်တွေနဲ့အတူ ကုသိုလ်ပြုလုပ်နေတဲ့ ယုန်လေးရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source : yone lay ' s facebook account 

photo credit : yone lay ' s facebook account
photo credit : yone lay ' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။