ပရိသတ်ကြီးရေ တက်သစ်စဂီတကြယ်ပွင့်ဖြစ်တဲ့ အချစ်တော်လေး ဘင်ဂျမင်ဆုမ်း ကတော့ Myanmar Idol Season - 4 အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ဂီတလမ်းကြောင်းမှာ စတင်လျှောက်လှမ်းခဲ့တဲ့ သူပဲဖြစ်ပါတယ်။ Myanmar Idol Saeson - 4 ပြိုင်ပွဲမှာ မတူညီတဲ့ ကိုယ်ပိုင်စတိုင်လေးတွေနဲ့ သီဆိုပြိုင်ပွဲဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အထူးအားပေးခြင်းကို ရယူနိုင်ခဲ့တဲ့သူလေးပဲဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးချိန်မှာ အနုပညာအလုပ်တွေကိုလုပ်ရင်း လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ကုသိုလ်လှူဒါန်းမှုတွေလည်းတွေ့ရပါတယ်။

Photo Credit - Benjamin Sum
Photo Credit - Benjamin Sum

ယခုမှာဆိုရင်လည်း အချစ်တော်လေး ဘင်ဂျမင်ဆုမ်း က လတ်တလောဖြစ်ပွားနေတဲ့ ရောဂါ ကပ်ဆိုးကြီးကို ကြိုတင်ကာကွယ်ရေးတွေမှာ အသုံးပြုဖို့အတွက် ချွေးနည်းစာလေးနဲ့ တစ်ထောင့်တစ်နေရာကနေပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ ယခုလို လှူဒါန်းမှုကိုလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ "ကျွန်တော်တို့ (Summers) တွေက အင်းစိန်ပြည်သူ့ဆေးရုံကြီး နှင့် ပြည်သူ့ဆေးရုံကြီး(ရန်ကုန်အနောက်ပိုင်း) တို့တွင်တတ်နိုင်သလောက်လေး လှူဒါန်းခဲ့ပါတယ်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ " ဆိုပြီး ရေးသားဖော်ပြပေးထားပါတယ်။

Photo Credit - Benjamin Sum
Photo Credit - Benjamin Sum

နိုင်ငံ နှင့် လူမျိုးအတွက် တက်နိုင်သလောက်ယခုလို လှူဒါန်းပေးတာဟာ တကယ့်ကို မင်္ဂလာရှိပြီး မွန်မြတ်လှတဲ့ အလှူလေးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အဆိုတော်လေး ဘင်ဂျမင်ဆုမ်း ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။ ကဲ....ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ တက်နိုင်သမျှ ပါဝင်လှူဒါန်းပေးခဲ့တဲ့ ဘင်ဂျမင်ဆုမ်း ရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Benjamin Sum

Source- Benjamin Sum Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။