ပရိသတ်ကြီးရေ အနုပညာလောကမှာ အမိုက်စားတေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ Idiots အဖွဲ့ဝင် အဆိုတော် ရေမွန်ကိုသိကြမယ်ထင်ပါတယ်နော်။

Rock သီချင်း အမိုက်စားလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ ရေမွန်ရဲ့ တေးသီချင်းကောင်းလေးတွေကို ယောင်္ကျားလေး မိန်းကလေးပရိသတ်တွေမရွေး အားလုံးကအားပေးနှစ်သက်ကြတာဖြစ်ပါတယ်။

ပရိတ်သတ်အားပေးလက်ခံမှုအပြည့်နဲ့ အောင်မြင်မှုရရှိနေတဲ့ အဆိုတော်ရေမွန်ဟာ သီချင်းကောင်းလေးတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုသူဖြစ်ပြီး ရှိုးပွဲတွေမှာလည်း အားပါးတရဖျော်ဖြေလေ့ရှိသူပါ။ ပရိတ်သတ်ကြီးလည်း အဆိုတော်ရေမွန်ကိုချစ်ခင်အားပေးကြတယ်မလား။

ရေမွန်ဟာ လတ်တလောတွင် We Love Yangonအဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ သူလုပ်ကိုင်ခဲ့တဲ့ပုံရိပ်လေးတွေကို Facebookစာမျက်နှာတွင် "၅ ရက်နေ့တုန်းက We Love Yangon Group မှာ Volunteer လုပ်ပြီး ပါဝင်ခဲ့ပါတယ်။ အခုလိုလိုက်ပါ ကူညီခွင့်ရတဲ့အတွက် We Love Yangon ကိုကျေးဇူးအထူးပါ။ နောင်ခါများမှာလည်းပါဝင်ချင်ပါသေးတယ်။ ပရိတ်သတ်ကြီးတို့လည်း အိမ်မှာပဲနေကြဖို့ မေတ္တာရပ်ခံချင်ပါတယ် ကျွန်တော်တို့အားလုံးဒီရောဂါဆိုးကြီးကိုအတူတူကျော်လွှားကြမယ်" ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ပရိတ်သတ်တွေအတွက် ရေမွန်ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Raymond Idiots's Facebook page

Photo credit-Raymond Idiots's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။