မင်းသမီးချောလေး နေခြည်ဦးကတော့ "ရန်သူ၊ ဧည့်သည်၊ အခမ်းနားဆုံးမေတ္တာ" ဆိုတဲ့ ရုပ််ရှင်ဇာတ်ကားကြီးတွေနဲ့ စတင်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ သရုပ်ဆောင်အလုပ်ကိုဝါသနာပါတဲ့ နေခြည်ဦးက အနုပညာလောကမှာကြိုးစားရင်း နေရာရလာခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့အချိန်အထိ နေခြည်ဦးက ကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ အများအပြား ရိုက်ကူးခဲ့ရပြီလည်း ဖြစ်ပါတယ် ။

Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc

နေခြည်ဦးက အနုပညာအလုပ်တွေကို လုပ်ကိုင်နေပေမယ့် သူမရဲ့ပထမဆုံးအောင်မြင်မှုခြေလှမ်းဖြစ်တဲ့ Beauty Blogger အလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အလှပဆုံးဖြစ်အောင် ပြင်ဆင်ခြယ်သတတ်တဲ့ နေခြည်ဦးက အခုလည်း မိတ်ကပ်ပြင်ရင်း Tik Tok ကစားထားပါတာ ဖြစ်ပါတယ်။ နေခြည်ဦးက Tik Tok ကစားတဲ့နေရာမှာလည်း အထာကျပြီး လုံးဝအမိုက်စားဖြစ်နေတာ ဖြစ်ပါတယ် ။

Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc
Photo Credit- Nay Chi Oo's FB Acc

အခုလည်း နေခြည်ဦးက မိတ်ကပ်ပြင်နေရင်း အချိန်ခဏလေးအတွင်းမှာတင် ခပ်မိုက်မိုက်ပုံစံလေးဖြစ်သွားအောင် ပြောင်းလဲပြလိုက်တာ ဖြစ်ပါတယ် ။ နေခြည်ဦးကတော့ ဆံပင်အတိုလေးနဲ့တောင် အပြတ်အသတ်လှနေတာကလည်း သူမရဲ့ကိုယ်ပိုင်စတိုင်ပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Nay Chi Oo's Tik Tok Acc

Photo Credit- Nay Chi Oo's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။