ပုရိသတွေရဲ့ တစ်ခဲနက် ဝန်းရံ အားပေးခြင်းကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ ဆိုဆိုဟာ သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုဘက်မှာပါ ထူးချွန်သူတစ်ယောက်ပါ။ ဝါဆိုဟာ သူမရဲ့သီချင်းသစ်တွေကို Music Video လေးတွေရိုက်ကူးကာ ပရိသတ်တွေကို မကြာခဏဝေမျှလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Credit- Warsomoeoo’s Facebook Account
Photo Credit- Warsomoeoo’s Facebook Account
Photo Credit- Warsomoeoo’s Facebook Account

ဝါဆိုဟာ တစ်ခါတစ်ရံ Tik Tok Video လေးတွေရိုက်ကူးကာ ပရိသတ်တွေကို ဝေမျှလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ Tik Tok Video လေးတွေဟာ ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးခြင်းကို ရရှိထားတာလည်း ဖြစ်ပါတယ်။

အခုတစ်ခါမှာလည်း ဗီဒီယိုလေးတစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Warsomoeoo’s Facebook Account
Photo Credit- Warsomoeoo’s Facebook Account
Photo Credit- Warsomoeoo’s Facebook Account

ဒါကတော့ မကြာသေးခင်က ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားရောက်ခဲ့တဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာ ဆိုဆိုတစ်ယောက် ကမ်းစပ်မှာ မမောနိုင်မပန်းနိုင် Workout တွေလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝါဆိုမိုးဦးရဲ့ Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Waso Moe Oo’s Instagram Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။