ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေက မြင်သူတိုင်း ချစ်သတ်ဝင်စေသလို အမိုက်စား ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူပဲဖြစ်ပါတယ်။ သူမ က အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့သလို အောင်မြင်မှုတွေ ရရှိအောင်လည်း ကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ရွှေပိုးအိမ်လေးကတော့ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်ပေးနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit - Shwe Poe Eain
Photo Credit - Shwe Poe Eain

ခေတ်ပေါ်ဖက်ရှင်ဝတ်စုံလေးတွေအပြင် မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို လိုက်ဖက်ညီညီဝတ်ဆင်တက်တဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း လတ်တလောပြန့်ပွားကူးစက်နေတက်တဲ့ ရောဂါကပ်ဆိုးကြီးကို ကြိုတင်ကာကွယ်ရေးတွေမှာ အသုံးပြုဖို့အတွက် လိုအပ်တဲ့ အလှူပစ္စည်းတွေကို ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ် ထဲမှာရှိတဲ့ ကျေးရွာတွေမှာ သွားရောက်လှူဒါန်းခဲ့ ပါတယ်။

Photo Credit - Shwe Poe Eain
Photo Credit - Shwe Poe Eain

ယခုလိုလှူဒါန်းမှုတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း "မအူပင်မြို့နယ်,အောက်ထုံးရွာ ၊ ကျွဲဒုံးရွာ ၊ကျုံနတ္တော်ရွာ ၊ ကုန်းနန်းကြီးရွာအင်းတေးအပြင်ရွာ ၊ ကျားပျံရွာ နှင့်ရေလဲကလေးရွာ တို့မှာ handgel ,Mask ,PPEဝတ်စုံများကို ဘုန်းဘုန်းနှင့်အတူ သွားရောက်လှူဒါန်းပြီး သစ်တောစုရွာ ညောင်ကုန်းစုရွာတွေကိုလည်းအလည်သွားရောက်ခဲ့ပါတယ်" ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ တကယ်မွန်မြတ်လှတဲ့ အလှူဒါန်းမှုဖြစ်တာကြောင့် ချစ်တဲ့ ပရိသတ်ကြီးကလည်း မင်းသမီးချောလေး ရွှေပိုးအိမ် ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Shwe Poe Eain

Photo Credit - Shwe Poe Eain

Source- Shwe Poe Eain Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။