ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ အလှဆုံး ကျွန်းတစ်ကျွန်းလို့ပြောရမယ့် "santorini island" ဆန်ဒိုရီယို ကျွန်းရဲ့သမိုင်းအကြောင်းကို ရေးသားဖော်ပြပေးသွားမှာပါ။ ဆန်ဒိုရီယို ဆိုတဲ့ အမည်ကို ၁၃ ရာစု၊ လက်တင် အင်ပါရာခေတ်တွင် အလှပဆုံးတစ်ခုလို့ အဓိပ္ပာယ်ရှိသော "Kalliste"လို့ လည်းကောင်း၊ စက်ဝိုင်းပုံဟု အဓိပ္ပာယ်ရှိတဲ့ "Strongyle"လို့လည်းကောင်း ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

သီရာဟူတဲ့ အမည်ကို ၁၉ ရာစု အထိ တရားဝင်သုံးစွဲခဲ့သော်လည်း အများစုက ဆန်ဒိုရီယိုလို့သာ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ အေဂျီယမ် ပင်လယ်ဒေသကို အော်တိုမန်ဘုရင်များ အုပ်စိုးခဲ့စဉ်က တူရကီများဟာ ဆန်ဒိုရီယိုကို ဆန်တူရင်၊ ဆန်တိုရွန်ဟု ခေါ်ဆိုခဲ့သေးတာ ဖြစ်ပါတယ်။ ဆန်ဒိုရီယိုကျွန်းမြို့တော် ဖီရာမြို့ဟာ ရေအိုင်ကြီးကို မိုးနေတဲ့ ကျောက်တောင် စောင်းကမ်းပါးကို မှီနေသလို ပုံစံမျိုး ဖြစ်နေတာပါနော်။  

photo credit pngtree

ယခုအခါမှာတော့ ထိုနေရာဟာ နေရာအများစုအတွင်း ရေများပြည့်နေတဲ့ ဒေသ တစ်ခုဖြစ်သော်လည်း ခန့်မှန်းခြေ ကီလိုမီတာ ၅၀၀ ရှည်လျား၍ကီလိုမီတာ ၂၀ မှ ၄၀ အထိ ကျယ်ဝန်းသော အေဂျီယမ် တောင်ပိုင်း မီးတောင်စက်ဝန်းရဲ့ ဗဟိုချက်မ တစ်ခုလည်းဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးသန်းမှ လေးသန်းအကြားက ထိုနေရာဟာ မီးတောင်ရှင်များ ပထမဆုံးပေါ်ထွန်းခဲ့သော နေရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မီးတောင်ဖြစ်တည်မှုကတော့ နှစ် နှစ်သန်းဝန်းကျင်ပဲရှိတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။