ကလေးနှစ်ယောက် အမေလို့ ထင်ရက်စရာမရှိရလောက်အောင် နုပျိုလှပနေသူကတော့ ထိပ်တန်းသရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေများစွာတိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေနဲ့ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အူဝဲကိုတော့ ပရိသတ်တွေသာမကဘဲ အနုပညာရှင် အချင်းချင်းတောင် လေးစားချစ်ခင်နေကြတာပါ။

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page

သူမဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အူဝဲဟာ အားလပ်ချိန်တိုင်းကိုလည်း မိသားစုနဲ့အတူ အချိန်ကုန်ဆုံးတတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း မိသားစုဝင်များနဲ့အတူ အိမ်မှာအတူနေကာ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်။

Photo Credit- Maytoekhine.mtk’s Instagram Story
Photo Credit- Maytoekhine.mtk’s Instagram Story

အခုမှာလည်း အူဝဲရဲ့ တူမလေး ဖြစ်သူ မေတိုးခိုင်ရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မမမေတိုးခိုင်ကလိထိုးလို့ အသည်းတွေယားနေတဲ့ အူဝဲသားလေးဖိုးဓီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ပါတယ်နော်။

Source and Photo Credit- Eaindrakyawzin’s Facebook Page and Maytoekhine.mtk’s Instagram Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။