ပရိသတ်ကြီးရေ မင်းသမီးချောဆုပန်ထွာကတော့ ဟိုးအရင်ကတည်းက အနုပညာလောကပေါ်မှာ လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။အခုချိန်ထိလည်း ဆုပန်ထွာက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး မိသားစုကိုလည်းအစစအရာရာ မလစ်ဟင်းအောင် အချိန်ပေးဂရုစိုက်နေတဲ့အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

ဆုပန်ထွာက သားလေးတစ်ယောက်ကိုလည်းမွေးဖွားထားပြီး သားသားလေးက(၃)နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်လို့ စကားတွေလည်းအရမ်းပြောတတ်နေပြီဖြစ်ကာ ချစ်မွှေးပါတဲ့ကလေးလေးဖြစ်ပါတယ်။မေမေဆုပန်ထွာကတော့ Covid19 ကူးစက်ရောဂါကြောင့် စိတ်ချရအောင် တစ်အိမ်လုံးကိုလည်း ဆေးဖြန်းထားပြီး သားသားနဲ့ချစ်ခင်ပွန်းကိုလည်း သေသေချာချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

အခုဆိုရင်တော့ ကိုဥက္ကာကျော်ကတော့"ကျွန်တော်တို့အိမ်က Corona Virous Police!!! အိမ်မှာ နံနက်မိုးလင်းက မိုးချုပ်ထိ သန့်ရှင်းရေးတွေလုပ်တာ လုပ်တာဆိုတာ ဆေးတွေဖျန်း၊ အိမ်အပြင်မှာ လက်ဆေးခုံတပ်၊ လက်တွေဆေးခိုင်း၊ ချေထောက်တွေဆေးခိုင်း၊ အပြင်ကို ကိစ္စမရှိရင် မထွက်ရ၊ ထွက်ပြီးလို့ပြန်လာရင်လည်း ရေချိုးပြီးမှ အိမ်ထဲဝင်"ဆိုပြီးရေးသားက ချစ်ဇနီးချောလေးကို ခိုးရိုက်ထားတဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

Source&Photo Credit:Okkar Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။