မင်းသမီးချောလေးချစ်စနိုးဦးကတော့ တစ်ချိန်ကအနုပညာလောကမှာနေရာတစ်ခုရယူထားနိုင်ပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်ကိုယနေ့တိုင် ရရှိပိုင်ဆိုင်ထားတဲ့ သူမကတော့ အမုပညာအလုပ်တွေနဲ့ဝေးကွာနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အလိုတော်ပြည့်ကျောင်းကဘုန်းဘုန်းအပါး၂၀ကျော်အတွက် စားသောက်ဖွယ်ရာတွေနဲ့ အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။

photo credit :Chit Snow Oo' s facebook account
photo credit :Chit Snow Oo' s facebook account

သူမကတော့  " အဓိက ဒီလိုအချိန်မှာဒုက္ခအရောက်ဆုံးက ဘုန်းဘုန်းတွေသီလရှင်တွေနဲ့လက်လုပ်လက်စားတွေပါဘဲ.... ဒီနေ့တော့ ကိုယ်တွေလုပ်နိုင်တာလေးနဲ့ အလိုတော်ပြည့်ကျောင်းကဘုန်းဘုန်းအပါး၂၀ကျော်အတွအတွက် အပြင်ဆွမ်းခံကလဲကြွမရဆိုတော့ ရွှေပုဇွန်ကdelivery လဲရှိတယ်ဆိုတာနဲ့သူငယ်ချင်းဒေါ် မေပွင့်မောင် ကိုအကူအညီတောင်းပြီး ရွှေပုဇွန်ကရတဲ့ငပိကြော် , ငါးခြောက်ကြော် , မရမ်းသီးကြော် , ငပိထောင်း , မုန့်ဟင်းခါးခြောက်ထုပ် နဲ့ ငါးသေတ္တာပါအစစ်ဝယ်ခိုင်းလိုက်သေးတယ်... ပြီးတော့အလှူငွေနှစ်သိန်းလဲစိုက်ပြီးပေးပေးထားဆိုပြီးခိုင်းလိုက်သေးတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ် ။

photo credit :Chit Snow Oo' s facebook account
photo credit :Chit Snow Oo' s facebook account
photo credit :Chit Snow Oo' s facebook account

သူမကတော့ " အခုလိုကူညီပေးတဲ့သူငယ်ချင်းကိုလဲကျေးဇူးတင်ပါတယ်.. လက်ဖက်တွေအလှူပါဝင်သေးတဲ့အတွက်လဲသာဓုခေါ်ပါတယ်နော်...ဥူဇင်းဘီလူးကတော့ဖုန်းဆက်ပါတယ် လှူထားတဲ့ပစ္စည်းတွေရပြီတဲ့ သင်္ကြန်အတွင်းရော lock down ရောအဆင်ပြေသွားတာပေါ့တဲ့.... ကြားရတာဝမ်းသာပီတိဖြစ်ရပါတယ်... ဒီလိုကပ်ရောဂါဖြစ်နေရတဲ့ကြားကလုပ်ခဲ့တဲ့ကုသိုလ်ပီတိလေးပါ ကမ္ဘာသူကမ္ဘာသားအားလုံးဘဲ ဒီလိုစိတ်ညစ်စရာ ရောဂါဆိုးကြီးကအမြန်ဆုံးကင်းဝေးကြပါစေ "ဆိုပြီးရေးသားထားခဲ့ပါတယ် ။

Source:Chit Snow Oo' s facebook account 

photo credit :Chit Snow Oo' s facebook account
photo credit :Chit Snow Oo' s facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။