မင်းသမီးချောမိုးယုစံကတော့ အရမ်းချစ်ခင်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းကိုလည်းပိုင်ဆိုင်ထားသလို အရမ်းချစ်စရာကောင်းတဲ့သားသားလေးလည်းရှိတာကြောင့် သူမရဲ့မိသားစုဘဝလေးကစိတ်ချမ်းသာစရာလေးပါနော်။မိုးယုက အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ နည်းနည်းအလှမ်းဝေးကွာခဲ့ပေမယ့် အခုချိန်မှာ သားသားလေးလည်း(၂)နှစ်ကျော်အရွယ်ကိုရောက်ပြီဖြစ်လို့ အနုပညာအလုပ်တွေကိုအနည်းအကျဉ်းပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Kaung Theinkha Moe Thu's Facebook Acc
Photo Credit:Kaung Theinkha Moe Thu's Facebook Acc
Photo Credit:Kaung Theinkha Moe Thu's Facebook Acc

မိုးယုစံကတော့ ဟိုးအရင်ကတည်းက ပရိသတ်တွေအားပေးချစ်ခင်ရတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့် ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိနေဆဲပါနော်။မိုးယုကတော့ ကလေးတစ်ယောက်မွေးဖွားထားတဲ့မိခင်လို့ထင်ရက်စရာမရှိလောက်အောင် ခေါင်းအစခြေအဆုံးပျိုမျစ်နုနယ်ပြီး အပျိုတုန်းကအတိုင်းပဲလှပနေတာဖြစ်လို့ ပရိသတ်တွေကတော့ သူမရဲ့အလှအပတွေကို ချီးကျူးနေရတာဖြစ်ပါတယ်။

Photo Credit:Kaung Theinkha Moe Thu's Facebook Acc
Photo Credit:Kaung Theinkha Moe Thu's Facebook Acc
Photo Credit:Kaung Theinkha Moe Thu's Facebook Acc

မိုးယုရဲ့တစ်ဦးတည်းသောသားလေး ကောင်းသိင်္ခမိုးသူလေးကလည်း တီတီတာတာလေးတွေနဲ့ပြောဆိုတတ်ပြီး လိမ္မာရေးခြားရှိတဲ့ကလေးလေးပါနော်။မေမေကလည်း သားလေးဘေးနားမှာ အနီးကပ်နေပေးပြီးသေချာသင်ကြားပြသပေးတာပါ။အခုဆိုရင်လည်း ချစ်မွှေးပါတဲ့မျက်နှာကို အမူအရာလေးတွေအမျိုးမျိုးလုပ်ပြပြီး အသည်းယားစရာကောင်းလောက်အောက်အရမ်းတတ်နေတဲ့ Austinလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kaung Theinkha Moe Thu's Facebook Acc
Photo Credit:Kaung Theinkha Moe Thu's Facebook Acc
Photo Credit:Kaung Theinkha Moe Thu's Facebook Acc

Source&Photo Credit:Kaung Theinkha Moe Thu's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။