အမိုက်စားခန္ဓာကိုယ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ နိုင်ငံကျော် မင်းသားချောလေး တိုင်ရွန်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ စတိုင်စ်အမိုက်စားနဲ့ ဖက်ရှင်အလန်းစားတွေကိုဝတ်ဆင်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်တာကိုလည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
တိုင်ရွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေ မကြာခင်ကမှ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။တစ်နေ့တစ်ခြား ပိုမိုအောင်မြင်လာတဲ့ တိုင်ရွန်က ရိုက်ကူးရေးတွေနဲ့ အမြဲလိုလို မအားမလပ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ တိုင်ရွန်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံတင်ပြသခဲ့ပြီဖြစ်သလို တိုင်ရွန်အနေနဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိနေပြီ ဖြစ်ပါတယ်။
မိဘကိုသိတက်တဲ့သားလိမ္မာလေးဖြစ်ပြီးအလုပ်ကြိုးစားသလို အမြဲအလှူတန်းတွေလည်းတက်နိုင်သလောက်ပြုလုပ်တက်သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ရပ်ကွက်ထဲမှာ လူတစ်ဦးကို ဆန်၃ပြည် ဆီ ၅၀ သား အယောက် ၁၀၀ စာလှူတန်းပေးခဲ့တဲ့ ပုံလေးတွေနဲ့အတူ "ဒီနေ့ မနက် ရပ်ကွက်ထဲ လူတစ်ဦးကို ဆန်၃ပြည် ဆီ ၅၀ သား အယောက် ၁၀၀ စာ စနစ်တကျ ၃ပေခြား တန်းစီလှူဒါန်းပေးဖြစ်ခဲ့ပါတယ် နိုင်သလောက်အလှူလေးပါ....."ဆိုတဲ့ စာလေးကိုသူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ထော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်ရသလိုစိတ်ဓာတ်လေးကို လေးစားအားကျမိတာကြောင့် ပရိသတ်ကြီးတွက်မျှဝေပေးလိုက်ပါတယ်။တိုင်လေးလည်း ဒီထက်မကလှူတန်းနိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်နော်။
Source & Photo Credit : Tyron Bejay Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။