ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ရွှေပိုးအိမ် ကတော့ အနုပညာလောမှာယခုဆိုရင် နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ပြီလည်းဖြစ်ပါတယ်။ စိတ်သဘောထားလည်း ပြည့်ဝသလို သူတစ်ပါးပေါ်မှာ ကူညီတက်တဲ့ ရွှေပိုးအိမ် ကတော့ အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ သူပဲဖြစ်ပါတယ်။ဒါ့အပြင် ပျိုမဒီလေးတွေ အားကျရလောက်မယ့် အမိုက်စား body လေးကို ပိုင်ဆိုင်ထားသလို ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit - Shwe Poe Eain
Photo Credit - Shwe Poe Eain

ဝတ်စားဆင်ယဉ်မှုတွေမှာ ခေတ်ပေါ်အမိုက်စားဖက်ရှင်တွေအပြင် အမြင်အေးစေတဲ့ ရိုးရိုးယဉ်ယဉ် မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်ညီညီ ဝတ်ဆင်တက်တာကို တွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း မင်းသမီးချောလေး ရွှေပိုးအိမ်က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးကိုဝတ်ကာ ချစ်သတ်ကြွေစေမယ် ဟန်ပန်အမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တက်ပေးလာခဲ့ပါတယ်။

Photo Credit - Shwe Poe Eain
Photo Credit - Shwe Poe Eain

ဒီပုံလေးတွေထဲမှာလည်း ရွှေပိုးအိမ် က ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်နေတဲ့ အပြုံးလေးတွေနဲ့ ဆွဲဆောက်မှုရှိရှိ ညို့ယူဖမ်းစားထားတာဖြစ်ပါတယ်။ တစ်မျိုးလေးလှသွေးကြွယ်နေပြီး ပင်ကိုယ်အလှတရားတွေကို ပေါ်လွင်စေတဲ့ ရွှေပိုးအိမ်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်...။ ကဲ....ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးလေး ရွှေပိုးအိမ်ရဲ့ ပရိသတ်လေးတွေကို အိမ်မှာနေရင်း အလွမ်းပြေဖြစ်အောင်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Shwe Poe Eain

Source- Shwe Poe Eain Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။