ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ယနေ့ချိန်ထိတိုင်အောင် ရရှိနေဆဲမင်းသမီးလေးကတော့ သရုပ်ဆောင် စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်တော့ဘဲ မိသားစုကိုသာ အချိန်ပေးဖြစ်နေတာလည်း ဖြစ်ပါတယ်။ သမီးလေးတွေကို လိုလေသေးမရှိအောင် ပြုစုဂရုစိုက်တဲ့ မိခင်ကောင်းဖြစ်တာကြောင့် လူတိုင်းက အားကျနေရတာပါ။ 

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

သမီးလေးတွေဟာလည်း ဖေဖေနဲ့မေမေတို့ရဲ့ သွန်သင်ဆုံးမမှုတွေအောက်မှာ လိမ္မာရေးခြားရှိလွန်းတာကြောင့် အားလုံးကချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်ကြီးအတွက်အမြဲတမ်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook Account လေးမှာ Tik Tok ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

ဒါကတော့ ချစ်ခင်ပွန်း၊သမီးလေးတွေနဲ့အတူ စည်းချက်ကျကျအတိုင်အဖောက်ညီစွာကကွက်ဆန်းတွေနဲ့ကပြထားတဲ့ စမိုင်းလ်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာ အမြဲစည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ရှိတာကြောင့် အားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် စမိုင်းလ်တို့ မိသားစုရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Smile’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။