မင်းသားချော ဟိန်းဝေယံကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်တော်သလို ရုပ်ရည်ရူပါကလည်း ချောမောခန့်ညားတဲ့ ဟိန်းဝေယံက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲလည်း ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ဟိန်းဝေယံက ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။
မကြာသေးခင်ကလည်း ဟိန်းဝေယံက မင်းသမီးချော စိုးပြည့်သဇင်နဲ့အတူ "နှလုံးသားဒိုင်ယာရီ"ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဟိန်းဝေယံအနေနဲ့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေအားလုံးကို လူမှုကွန်ယက်ကတစ်ဆင့် မျှဝေပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဟိန်းဝေယံက သူချစ်ခင်လေးစားရတဲ့ ဖခင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာ ဖြစ်ပါတယ် ။
ဟိန်းဝေယံက "Happy birthday my Dad.. မွေးနေ့မှစပြီး ယခုထက်ပို၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ.. ဘာသာ သာသနာအကျိုး လည်း ယခုထက်ပို၍ပြုလုပ်နိုင်ပါစေ.. ကောင်းကျိုးလိုရာဆန္ဒများနှင့်လည်း ပြည့်စုံပါစေ.."ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဟိန်းဝေယံတို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Hein Wai Yan's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။