စကားသံဝဲဝဲလေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ရယူထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ မင်းသမီးတစ်လက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ လက်ရှိမှာလည်း သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account

သူမရဲ့ ချစ်ခင်ပွန်းကလည်း သဉ္ဇာကို လိုလေးသေးမရှိအောင် အသေးစိတ်ဂရုစိုက်မှုတွေကြောင့်လည်း ကြည်နူးပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မနေ့ကလည်း သူမရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ခင်ပွန်းဖြစ်သူက Surprise Birthday cake လုပ်ပေးခဲ့တာကြောင့် ဝမ်းသာကြည်နူးနေရတာပါ။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account
Photo Credit- Thinzar Nwe Win’s Facebook Account

ဒါကတော့ သားနဲ့သမီးကိုလက်ပေါ်ကမချချင်လောက်အောင်ချစ်မဝဖြစ်နေတဲ့ သဉ္ဇာနွယ်ဝင်းခင်ပွန်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သားနဲ့သမီးဟာလည်း ဖေဖေ့ရဲ့ လက်ပေါ်မှာနေကာ အချစ်တွေပိုနေရတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Thinzar Nwe Win’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။