myanmar idol ရဲ့ပြိုင်ပွဲကြီးကနေ စတင်ပေါ်ထွက်လာခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဘီလီလမင်းအေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိနေသူလေးပဲဖြစ်ပါတယ်။အချစ်သီချင်းအသစ်လေးတွေကိုလည်းထွက်ရှိထာတဲ့ သူမကတော့ နောက်ထပ်သီချင်းလေးတွေထွက်ရှိဖို့ ကြိုးစားနေတ​ဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ 

photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account

မြန်မာဆန်တဲ့ ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပြီး ရိုးရှင်းတဲ့ ပုံစံလေးတွေနဲ့ လှပနေတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ပွဲတွေမှာ သီချင်းတွေနဲ့ ပရိသတ်တွေကိုဖျော်ဖြေလျက်ရှိနေတဲ့ သူမကတော့ ယခုမှာ WE LOVE YANGONအဖွဲ့နဲ့အတူ သူမတတ်နိုင်သလောက် လုပ်အားပေးပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့ပါတယ်

photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account

သူမကတော့ " မနေ့က တတ်နိုင်သလောက်လေးပါဝင်ခဲ့ပါတယ် အားလုံး ဘဲကျန်းမာ ကြပါစေနော် " ဆိုပြီး ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်ပိုစေခဲ့တာပဲဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် ဘီလီလမင်းအေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Billy La Min Aye 's facebook account

photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။