ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးခြားဖြစ်စဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဝက်ဝံတွေ ပြည့်နှက်သွားသော မြို့ကလေးအကြောင်းကို ဖော်ပြပေးမှာပါ။ ထိုမြို့ကလေးကတော့ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ နယ်စပ်အနီး ဆိုက်ဗေးရီးယားဒေသ၊ လူချီဂေါ့စ်အမည်ရှိတဲ့ မြို့ငယ်လေးပဲ ဖြစ်ပါတယ်။ ထို့မြို့ငယ်လေးဟာ ၂၀၁၅ ခုနှစ်မှာ ဝက်ဝံများရဲ့ သိမ်းပိုက်ကျူးကျော်တာကို ခံခဲ့ရပါတယ်။

photo credit pngtree

မြို့ပေါ်မှာ နေထိုင်တဲ့ လူတစ်ဦးက အစာငတ်နေသော ဝက်ဝံ ၃၆ ကောင်ဟာ မြို့တွင်းသို့ ဒရောသောပါး ဝင်ရောက် လာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ မြို့နေလူထုနှင့် ဝက်ဝံများအကြား စစ်ပွဲတစ်ပွဲ ဆင်နွှဲခဲ့သလို ဖြစ်ခဲ့ရတာပါ။ ဝက်ဝံများ ဝင်ရောက်လာတာကြောင့် ဒေသ အာဏာပိုင်များက မြို့နေလူထုများကို လုံခြုံမှုရရှိအောင် အိမ်အတွင်းမှာသာ နေထိုင်ကြရန် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

photo credit pngtree

ဝက်ဝံများသောင်းကျန်းတဲ့ အခြေအနေကို မထိန်းသိမ်းနိုင်မီ လူ လေးငါးဦးသေဆုံးခဲ့ရပြီး လူများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတာကြောင့် ဝက်ဝံအများအပြားကို ပစ်သတ်ခဲ့ရပါတယ်။ ဝက်ဝံများ မြို့တွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့တဲ့ အကြောင်းရင်းမှာ တောတွင်းရှိ ဝက်ဝံများစားသုံးသော နာနတ်ပင်များ လုံလောက်စွာ မရှိတော့သဖြင့် ဝက်ဝံများအတွက်အစာရေစာချို့တဲ့လာမှုကြောင့် ဖြစ်ပါတယ်။ အစာရေစာငတ်မွတ်လာတာကြောင့် ဝက်ဝံများဟာ ဒေသနေမြို့ခံများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။