ပရိသတ်ကြီးရေ အကယ်ဒမီမင်းသားချောကြီးလွင်မိုးကတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး စီးပွားရေးကိုတော့ဇောက်ချလုပ်ကိုင်နေတာဖြစ်ပါတယ်။လွင်မိုးက တစ်ခေတ်တစ်ခါကတည်းက အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။အကယ်ဒမီဒွေးတို့နဲ့ ခေတ်ပြိုင်ပေါ်ထွက်လာခဲ့တဲ့ မင်းသားဖြစ်ပြီး သူ့ခေတ်သူ့အခါက ဇာတ်ကားတွေကလည်း အရမ်းကြည့်ကောင်းပါတယ်နော်။

Photo Credit:May Thu's Facebook Acc
Photo Credit:May Thu's Facebook Acc

အခုချိန်မှာဆိုရင်တော့ လွင်မိုးလည်း မြေးချောချောလေးတစ်ယောက်ကိုပိုင်ဆိုင်နေပြီဖြစ်တဲ့ အဖိုးတစ်ယောက်ပါနော်။သူ့ရဲ့သမီးကြီးလေး ယွန်းဝတီလွင်မိုးကလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး လတ်တလောမှာတော့ ဩစတေးလျမှာ ကျောင်းပြန်သွားတက်နေတာဖြစ်ပါတယ်။Liamလေးကတော့ ဖိုးဖိုး၊ဖွားဖွားတို့နဲ့ နေခဲ့တာဖြစ်ပြီး သူတို့မိသားစုလေးကတော့ Video Callလေးနဲ့ပဲ အလွမ်းဖြေနေရတာပါနော်။

Photo Credit:May Thu's Facebook Acc
Photo Credit:May Thu's Facebook Acc
Photo Credit:May Thu's Facebook Acc

မင်းသားကြီးလွင်မိုးကလည်း အားတဲ့အချိန်တိုင်းမှာ Liamလေးနဲ့အတူတူ ဆော့ကစားပေးပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ မင်းသားကြီး အကယ်ဒမီလွင်မိုးကို ယနေ့အချိန်ထိတိုင်အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လက်ဆောင်ရတဲ့ ပုဇွန်ခြောက်ထုတ်ကြီးနဲ့ဆိတ်သားခြောက်အထုတ်ကြီးကိုကိုင်ပြီး အရမ်းပျော်ရွှင်နေတဲ့မျက်နှာကို အမိအရဓာတ်ပုံရိုက်ထားတဲ့ပုံရိပ်လေးကို ချစ်ဇနီးချောလေးမေသူက မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:May Thu's Facebook Acc
Photo Credit:May Thu's Facebook Acc

Source&Photo Credit:May Thu's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။