ဝါရင့်သရုပ်ဆောင် မင်းသားကြီးလွင်မိုးကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ယနေ့တိုင်အောင် စွဲစွဲမြဲမြဲနေရာယူထားဆဲ ဖြစ်ပါတယ် ။ တစ်ချိန်က ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ အများအပြားရိုက်ကူးခဲ့တဲ့ လွင်မိုးက တကယ့်ကိုအနုပညာအရည်အချင်းပြည့်ဝတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ် ။ လွင်မိုးအနေနဲ့ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတာလည်း ဖြစ်ပါတယ် ။

Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc

လွင်မိုးက မိသားစုနဲ့အတူ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေထိုင်တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် လွင်မိုးက သူနဲ့တစ်ထေရာတည်းတူတဲ့ မြေးချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ အခုတော့ လွင်မိုးက အိမ်မှာနေတုန်း မျက်မှန်တစ်လက်တပ်ပြီး တစ်ယောက်တည်း အလုပ်ရှုပ်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc

လွင်မိုးက "Home stay အတွက် ဒီနေ့စပြီး...စိတ်ရှိလက်ရှိ အစိတ်အပိုင်းပေါင်း ၅၀၀ ကျော်အသေအချာဖြတ်ကော်ကပ် ‌‌ဆေးသုတ် စအလုပ်ရှုပ်ပါပြီခင်ဗျာ....."ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ လွင်မိုးကတော့ အိမ်မှာနေတဲ့အချိန်လေးတွေမှာ စိတ်ပြေလက်ပျောက် အနားယူနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားကြီးလွင်မိုးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit- Lwin Moe's FB Acc

Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc
Photo Credit- Lwin Moe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။