တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုတွေဟာလည်း အပိုလိုမရှိကောင်းမွန်မှုတို့ကြောင့် အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါဒါသာမကဘဲ သူမရဲ့ ညီအစ်မတွေဟာလည်း မနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့အတူ ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။
သူမဟာ လက်ရှိမှာတော့ အနုပညာလောကမှ အနားယူလိုက်ပြီပဲဖြစ်ပြီး စိုးညီအစ်မတွေနဲ့အတူ မင်းသမီး ပိုးထည်တိုက်ကို ဖွင့်လှစ်ထားရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိသားစုနဲ့အတူ အပြင်မသွားဘဲ အိမ်မှာနေထိုင် နေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ မိခင်ဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံတင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ တစ်ခေတ်တစ်ခါကပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ဆံပင်ကေလေးနဲ့နုပျိုလှပနေတဲ့ပုံလေးကိုထုတ်ပြလိုက်တဲ့ စိုးမြတ်နန္ဒာရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဆံပင်ကေလေးကို ပရိသတ်တွေတော်တော်များများက လိုက်ညှပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒါဒါရဲ့ ငယ်ဘဝပုံရိပ်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Credit- Soe Myat Nandar’s Facebook Page and Soe Kyi Phyu’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။